Sunday, January 27, 2013

သူများမကြည့်စေချင်တဲ့ photo တွေ video တွေကို Gallery မှာမပေါ်အောင် ဆော့ဖ်ဝဲလ် မသုံးပဲ အလွယ်တကူဖွက်နည်း(for Android)

ဒီနည်းလမ်းလေးကို ကျနော်မနေ့က ဖုန်းကလိရင်းနဲ့ အမှတ်မထင်တွေ့ခဲ့တာပါ…သိပီးသားသူတွေရှိရင်လဲ သည်းခံကြပါဗျာ…:-D
ကျနော်တို့ဖုန်းတွေရဲ့ Gallery မှာ သာမန် folder တွေထဲက ပုံတွေ ဗီဒီယို ဖိုင်တွေကို ဖော်ပြနိုင်စွမ်းရှိပါတယ် ဒါမဲ့ တခုသတိထားမိတာက folder name ရဲ့ရှေ့မှာ " . " ဆိုတာလေးပါရင် အဲဒီ folder ထဲက ဘာ ပုံပဲဖြစ်ဖြစ် gallery ထဲမှာမပေါ်ပါဖူး…ဥပမာ [ .dir_store] တို့ [ .avg] တို့ပေါ့…
အဲလိုဆိုတော့ ကျနော်တို့က bluetooth ဆိုတဲ့ folder ထဲက ပုံတွေ ဗီဒီယိုတွေကို gallery မှာမပေါ်စေချင်ဖူးဆိုရင် file manager တခုခုကနေဝင်ပီး folder name [ bluetooth] ကို [ .bluetooth] ဆိုပီးပြောင်းလိုက်ပါ…အဲဒီအခါမှာ အဲဒီ bluetoothဆိုတဲ့ folder ထဲမှာရှိတဲ့ ပုံ ဗီဒီယိုတွေက Gallery မှာပေါ်တော့မှာမဟုတ်ပါဖူး…ပြန်ပေါ်စေချင်ရင်တော့ folder name ရှေ့က " ." ကိုပြန်ဖြုတ်လိုက်ပေါ့နော့…
အဲကြောင့်မို့ gallery မှာတခြားသူမမြင်စေချင်တဲ့ ပုံ ဗီဒီယိုတွေရှိရင် အဲဟာတွေကို folder တခုထဲမှာထည့် ပီးရင် အဲfolderကို ရှေ့မှာ " . "ပါတဲ့ folder name တခုပေးလိုက်ရုံပဲ…အဲဆိုရင် အလွယ်တကူ gallery ထဲမှာမပေါ်တော့ပါဖူး…
သတိထားရမှာက အခုနည်းလမ်းက gallery ထဲမှာပဲ မပေါ်တာပါ file manager ထဲကနေဝင်ကြည့်ရင်တော့ တွေ့နိုင်ပါတယ်…
locker application တွေလို security မရှိပါဖူး…
ရုတ်တရက်အရေးကြုံလာရင် folder name လေး အလွယ်တကူပြောင်းရုံနဲ့ တခြားသူအလွယ်တကူမတွေ့နိုင်အောင် လုပ်နိုင်ဖို့ပါ…
ကျနော် ကလိရင်းနဲ့တွေ့မိထားတာလေးကို share ခြင်းဖြစ်ပါတယ်…သိထားပီးသားဆိုရင်လဲ ခွင့်လွှတ်ပေးကြပါဗျာ

note----   "." means for hidden,
just uncheck "show hidden files" in file manager setting ....
then it'll not be shown in file manager ......

No comments:

Post a Comment