မြန်မာနိုင်ငံရှိ ရုပ်ရှင်ချစ် 
ပရိသတ်များအတွက် Mingalar Cinemas  Company Limited နှင့် Bagan Innovation
 Technology (BiT) တို့မှ မင်္ဂလာ  Company ၏ ရုပ်ရှင်ရုံများတွင် လက်ရှိ 
ပြသလျက်ရှိသော ရုပ်ရှင်ကားများ၊  ထပ်မံပြသမည့် ရုပ်ရှင်ကားများ၏ 
အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန်  Mingalar Cinemas Mobile 
Application ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါသည်။  iPhone နှင့် Android 
ဖုန်းများအတွက် Mingalar Cinemas Mobile Application  ကို 
ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Download ပြုလုပ်လိုပါက 
http://www.bitmyanmar.com.mm/kanaung/mingalar သို့;
   သွားရောက် Download ပြုလုပ်နိုင်ပါသည်။ Download ပြုလုပ်ပြီး  
Notification Area မှ apk ကို မိမိတို့၏ Android Device များသို့  
တိုက်ရိုက် သွင်းနိုင်ပါသည်။
 Download ပြုလုပ်ခြင်းနှင့် Application အသုံးပြုရာတွင် တွေ့ရှိသော အခက်အခဲများကို 
http://www.facebook.com/BitCarePage တွင်; ရေးသား ဖော်ပြနိုင်ပါသည်။ Mingalar Cinemas Android Application တွင် -
 - ရုပ်ရှင်ရုံများ၏ တည်နေရာများကို မြေပုံများနှင့်တကွ ကြည့်ရှုနိုင်ခြင်း၊
 -  လက်ရှိပြသနေသော ရုပ်ရှင်ဇာတ်ကားများ၊ ထပ်မံပြသသွားမည့် ရုပ်ရှင်ဇာတ်ကားများကို သိရှိနိုင်ခြင်း၊
 -  ရုပ်ရှင်ပြသချိန်များကို သိရှိနိုင်ခြင်း၊
 - ရုပ်ရှင်ရုံများ၏ တယ်လီဖုန်းနံပါတ်များ ပါရှိခြင်းကြောင့် Booking ကို လွယ်ကူစွာပြုလုပ်နိုင်ခြင်း၊
 - ရုပ်ရှင်ဇာတ်ကား Trailer များကို ကြည့်ရှုနိုင်ခြင်း၊
 အစရှိသည်တို့ကို English-Myanmar နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးထားပါသည်။
No comments:
Post a Comment