Shawebook ဆော့ဝဲ version အသစ် 2.0
ထွက်ရှိလာပါပြီ ။ Android ဖုန်းနဲ့Tablet တွေအတွက်အသစ်ထွက်ရှိလာတဲ့
အင်္ဂလိပ်-မြန်မာ ၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်လေးဖြစ်ပါတယ်။ မိမိသိချင်တဲ့
စကားလုံးကို မြန်မာလိုရော အင်္ဂလိပ်လိုရော
အဓိပ္ပါယ်ဖွင့်ဆိုရှာဖွေနိုင်ပါတယ်။ ရှိထားသင့်တဲ့ အင်္ဂလိပ်-မြန်မာ
အဘိဓာန်ဆော့ဝဲလေးဖြစ်ပါတယ်။ ဒီ Shwebook Android Application
လေးနဲ့ပတ်သက်ပြီး ဝေဖန်အကြံပေးချင်ရင် support@shwebook.com
ကိုမေးလ်ပို့ပြီးအကြံပြုနိုင်တယ်လို့ဆိုပါတယ်။ Shwebook app ကိုရေးသားတဲ့
Developer တွေရဲ့ Site ဖြစ်တဲ့ www.shwebook.com မှာလည်း
ဒီဆော့ဝဲလေးအကြောင်းအသေးစိတ် လေ့လာနိုင်ပါတယ်။ ဒီဗားရှင်းမှာတော့ app
ကိုစအဖွင့်မှာ System Crash ဖြစ်တဲ့ error
တစ်ချို့ကိုပြန်လည်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ Shwebook for Android
ကိုအောက်ကကြိုက်နှစ်သက်ရာ link မှာရယူနိုင်ပါတယ်။