ဒီ blog ဟာ အသုံးဝင်တဲ့ Android applications လေးတွေကို ပြန်လည်စုစည်းထားခြင်းဖြစ်ပါတယ်...အခြား mobile site တွေမှာတင်ထားတဲ့ Myanmar Applications များကို ပြန်လည်စုစည်းထားပီး အသုံးလိုတဲ့ချိန်မှာ အလွယ်တကူရယူဖို့ရည်ရွယ်ပါတယ်.. Credit to First Uploaders.....
Friday, March 8, 2013
Myanmar Coin Toss v1.1
Android ဖုန်းဖြင့် ကမ္ဘာ့ပထမဆုံး မြန်မာ့ရိုးရာ ကျပ်ပြားစေ့ ၊ မတ်စေ့တွေနဲ့ ခေါင်းပန်းလှန်ခြင်း ၊ ကျပ်စေ့နဲ့အလောင်းအစားပြုလုပ်တမ်းကစားလိုသူတွေအတွက် Myanmar Coin Toss v1.1 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီ application လေးမှာ မြန်မာ့ခေတ်အဆက်ဆက်က ကျပ်စေ့ ၊ မူးစေ့ ၃၄ မျိုးထည့်သွင်းပေးထားပါတယ်။
ကျပ်ပြားစေ့နဲ့ခေါင်းပန်းလှန်ခြင်းအလေ့အထလေးဟာ အခုချိန်အထိရှိနေသေးပေမယ့် ရှေးခေတ်မြန်မာ့ကျပ်ပြားစေ့များကိုတော့ ဒီခေတ်ထဲမှာ တွေ့ဖို့မလွယ်ကူတော့တာမို့ Myanmar Coin Toss app လေးကိုဆော့ရင်း မြန်မာကျပ်စေ့အစုံအလင်ကိုလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ဘာလုပ်သင့်လဲဆိုတာကို ကျပ်ပြားစေ့လေးတွေအသုံးပြုပြီး ခေါင်းပန်းလှန်ခြင်းအားဖြင့် အဆုံးအဖြတ်ယူလေ့ရှိကြပါတယ်။ လက်ထဲမှာ ကျပ်ပြားစေ့အလွယ်တကူမရှိသူတွေအတွက်ကတော့ Myanmar Coin Toss လေးကိုသုံးပြီး အဆုံးအဖြတ်ပြုနိုင်မှာပါ။ Myanmar Coin Toss ဆော့ဝဲလေးကို Myanmar Android Authority မှရေးသားထားတယ်လို့သိရပါတယ်။ Myanmar Coin Toss v1.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Here (Myanmar Coin Toss’s Developer – Myanmar Android Authority )
Labels:
myanmar apps
Subscribe to:
Post Comments (Atom)
No comments:
Post a Comment