Saturday, January 12, 2013

Android အတွက် Apk ဖိုင် လွယ်လွယ်ကူကူနဲ့ ဖန်တီးမယ်

လွယ်ပါတယ် အရမ်းကို လွယ်ကူပါတယ် အဆင့်နှစ်ဆင့်ထဲနဲ့  Apk file လေးတွေကို Online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးနိုင်မှာပါ 
ဖန်တီးရမယ့်Apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းစကရင် နဲ့ Fix အဖြစ် ဖတ်ရှူ့လို့ရအောင်  ကိုယ်တိုင်လုပ်ကြည့်မှာပါ ။ 
ဖုန်းမှာပေါ်မယ့် Apk ရဲ့ iCon ကိုလဲ ကြိုက်တဲ့ပုံထည့်လို့ရပါတယ် ။

ပထမဆုံး ဒီမှာကလစ်နှိပ်ပြီး ဖိုင်ဖန်တီးမဲ့ ၀က်ဆိုဒ် ဆီကို သွားပါ http://www.appsgeyser.com/

ဆိုက်ထဲရောက်ပြီဆိုရင် အဲဒီမှာ ကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း CREATE APP NOW! ဆိုတဲ့စာလေးကိုနှိပ်လိုပါ





အောက်ကကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း WEBSITE ဆိုတဲ့စာလေးကို နှိပ်လိုက်ပါ ။




အဲဒီမှာ အောက်ကကျနော်ပုံမှာ ပြထားတဲ့အတိုင်း 

( 1 ) မှာ သင့်ရဲ့ ဆိုက်လင့်ကို ထည့်ပါ

( 2 )  သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon နာမည်လေးကို သင်ကြိုက်နှစ်သက်ရာထားပါ ။

Description ဆိုတဲ့အကွက်မှာ ဖြည့်ရန်မလိုပါ ။

( 3 ) သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon ပုံလေးကို သင်ကြိုက်နှစ်သက်ရာထားဖို့ရန် Custom iCon ကိုရွေးပြီး UPLOAD ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ သင့် My Computer ဘောက်လေးထွက်လာပါမယ် သင်မှာရှိသောပုံကို ရွေးခြယ်ပြီး iCon ပုံထားနိုင်ပါတယ် ။

( 4 )  Auto စာလေးကို ရွေးထားပေးပါ ။
ပြီးပြီဆိုရင် CREATE APP  ဆိုတဲ့ ဝိုင်းထားတဲ့စာကိုနှိပ်လိုက်ပါ ။




အပေါ်ကအဆင့်တွေ လုပ်ပြီးတဲ့အခါမှာ အောက်ကပုံအတိုင်းထွက်လာပါမယ် သူ့ဆိုက်မှာ မန်ဘာဝင်ဖို့ရန် Register ဖြည့်ရပါမယ် ။
First Name = သင့်ရဲ့နာမည်ဖြည့်ရန်

Last Name = သင့်ရဲ့နာမည်ဖြည့်ရန်

E-mail    =  သင့်ရဲ့ အီးမေးဖြည့်ရန်

Password = သင်သူ့ဆိုက်ကို ဝင်ဖို့ရန် ကြိုက်နှစ်သက်ရာ Password ထည့်ရန်

Retype Password = သင်ထည့်ထားသော Password ကို နောက်တစ်ခါမှန်အောင်ဖြည့်ထည့်ရန်

I agree with the ဆိုတဲ့ မြှားပြထားတဲ့စာလေးကို အမှန်ခြစ်ပေးပါ ။
အားလုံးပြီးပြီဆိုရင်တော့ ပုံမှာဝိုင်းပြထားတဲ့ SIGN UP ဆိုတဲ့စာလေး နှိပ်လိုက်ပါ ။




အပေါ်ကအဆင့်တွေ အားလုံးဖြည့်ပြီးပြီဆိုရင် မိမိလုပ်ထားသော Apk ဆော့ဝဲလေးအား ဒေါင်းဖို့ရန် Download စာမျက်နှာလေးထွက်လာပါပြီ ပုံမှာမြှားပြထားသော စာလေးကိုနှိပ်၍ သင့်ဆော့ဝဲ Apk အားဒေါင်းနိုင်ပါပြီ ။




ကဲ... အားလုံးပဲ အဆင်ပြေစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ.....

ရွှေနဒီ နည်းပညာဆိုက်မှ မျှဝေခြင်းဖြစ်ပါသည် ။
ရွှေနဒီ နည်းပညာဆိုက်အား ကျေးဇူးတင်ရင်း....

Channel7-Myanmar လိုင်းကို Android ဖုန်းထဲတွင် Live ကြည့်မယ်

Android စက်ရုပ်သမားအတွက် အဝေးရောက်ရွှေမြန်မာကိုကိုမမများ အဆင်ပြေစေဖို့ရန် မြန်မာပြည်မှာထုတ်လွှင့်ပြသနေတဲ့ Channel7-Myanmar လိုင်းလေးကို Android ဖုန်းထဲတွင် Live အဖြစ် ကြည့်ရှုနိုင်ရန် Apk လေးပါ

Channel7-Myanmar ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ။
 Credit---http://freemobilesharing.blogspot.com

DhammaDroid For Android

မေတ္တာပို့နည်းများ ...  ဘုရားစာများကို
မိမိဖုန်းထဲမှာ မြန်မာဖောင့်ထည့်သွင်းစရာမလိုပဲ ရွတ်ဖတ် ပူဇော် လို့ရပါတယ် ။
အရင်ဗားရှင်းနှင့် မတူတော့ဘဲ Audio ဖိုင်ပါလာတာတွေ့ရပါတယ်။


Download Hear !!

Mobile Mandalay FM Application

ဗပာုသုတများ ၊ သတင်းအချက်အလက်များ ၊ အားကစားသတင်းများ ၊
အသိပညာများနှင့်အစီအစဉ်ကောင်းများစွာကို ရသစုံလင်စွာဖျော်ဖြေတင်ဆက်ပေးနေသည့်
 Mandalay FM  Radio Station APK ပါ။


 Download Hear !!!




Friday, January 11, 2013

မြန်မာ့ကားဈေးကွက်သတင်း apk

DOWNLOAD

SM 3 mobile directory


Sm3 Mobile Directory update အသစ်ပါ..ရန်ကုန် မန္တလေးအပြင် အခြားမြို့များဆိုပီးတပေါင်းတည်းပါပါတယ်
http://db.tt/5AWoZ3TC

android အတွက် ထုတ်ထားတဲ့မြန်မာbrowse

ဒါကတော့android အတွက် ထုတ်ထားတဲ့browserလေးပါပဲ

မြန်မာ စာမသွင်းရသေးတဲ့ အန်းဒရိုက်ဖုန်းတွေမှာ မြန်မာဆိုဒ်တွေကို ဖွင့်ရင် ဘာစာမှ မပေါ်ပါဘူး ဒါလေးက တော့ မြန်မာစာမသွင်းရသေးတဲ့ ဖုန်းတွေမှာ မြန်မာဆိုဒ်တွေကိုဖွင့်ရင် မြန်မာစာ ပေါ်ပါတယ် အောက်မှာဒေါင်းနော်

http://www.mediafire.com/?45xp4u7apb7f517