ဒီ blog ဟာ အသုံးဝင်တဲ့ Android applications လေးတွေကို ပြန်လည်စုစည်းထားခြင်းဖြစ်ပါတယ်...အခြား mobile site တွေမှာတင်ထားတဲ့ Myanmar Applications များကို ပြန်လည်စုစည်းထားပီး အသုံးလိုတဲ့ချိန်မှာ အလွယ်တကူရယူဖို့ရည်ရွယ်ပါတယ်.. Credit to First Uploaders.....
Showing posts with label Myanmar keyboards and Fonts. Show all posts
Showing posts with label Myanmar keyboards and Fonts. Show all posts
Sunday, March 31, 2013
Friday, March 8, 2013
Bagan Keyboard (BETA) version
Bagan Innovation Technology မှ Android Phone နှင့် Tablet များအတွက် မြန်မာလက်ကွက်စနစ်( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော Bagan Keyboard (BETA) version ကို စတင်ထုတ်ဝေလိုက်ပါသည်။ Bagan Keyboard အားအောက်ပါ link တွင်ရယူနိုင်ပါသည်။
Bagan Keyboard ၏ ထူးခြားချက်များမှာ-
၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။
၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။
၃။ မြန်မာစာနှင့် English စာနှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို အစအဆုံး ရိုက်နှိပ်စရာမလိုသည့် အကြံပေးစနစ် (Suggestion System) ပါရှိပါသည်။
၎။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော အကြံပေးချက်များ မလုံလောက်သေးပါက မိမိစိတ်ကြိုက် ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။
၅။ စကားလုံးတွဲများကို မိမိစိတ်ကြိုက် ထည့်သွင်းရာတွင် User Dictionary တွင်သွားရောက်ထည့်သွင်းနိုင်သကဲ့သို့ စာရိုက်နေစဉ်တွင်လည်း စကားလုံးတွဲပေါ်တွင် Double Touch နှိပ် ၍ ဖြည့်သွင်းနိုင်ပါသည်။
၆။ သိမ်းဆည်းထားသော User Dictionary မှစကားလုံးတွဲများသည် software အား uninstall လုပ်ခြင်း၊ version upgrade လုပ်ခြင်းများပြုလုပ်ခြင်းဖြင့်ပျောက်ပျက်သွားခြင်းမရှိပဲ ဆက်လည်အသုံးပြုနိုင်ပါသည်။
၇။ စာရိုက်ရာတွင် Shift Key ကို အသုံးမပြုလိုပါက Pop-Up များကိုသုံးပြုကာ လျင်မြန်စွာ ရိုက်နိုင်ပါသည်။
၈။ Symbol , Smiles များ စုံလင်ခြင်း၊ တယ်လီဖုန်းလက်ကွက်ပါဝင်ခြင်း၊ Voice Input (English)ပါဝင်ပါသည်။
၉။ ဘာသာစကားအသစ် (ဥပမာ- မွန်၊ရခိုင်)၊ လက်ကွက် Font (ဥပမာ- myanmar3) စသည်တို့ကို ထပ်မံထည့်သွင်းလိုပါက အသစ်ပြန် Install လုပ်စရာမလိုပဲ Language Package များကိုထည့်သွင်းရုံဖြင့် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
၁၀။ Bagan Keyboard ကို Android OS Version 1.5 (Cupcake) မှ 4.2 (Jelly Bean) အထိ အသုံးပြုနိုင်ပါသည်။
၁၁။ Bagan Keyboard သည် အသုံးပြုသူ အတွက် စကားတွဲအသစ်များကို အပေါ်မှာပေါ်လာသည့် စာလုံးကို
2 ချက်နှိပ်ရုံဖြင့်မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားထားခြင်းဖြင့် အသုံးပြုချိန် ကြာမြင့်လာသည်နှင့်အမျှ လျှင်မြန် လွယ်ကူစွာ စာစီနိုင်မည်ဖြစ်ပါသည်။
***Bagan Keyboard ၏ ရည်ရွယ်ချက်မှာ ဖုန်းမှတဆင့် SMS ပို့ခြင်း၊ Gtalk , Facebook Message များပို့ခြင်း တို့ကိုအဆင်ပြေစေရန် ရည်ရွယ်ပါသဖြင့် အသုံးနည်းသော ပါဠိစကားလုံးများနှင့် ပါဌ်ဆင့်အချို့ကို လက်ရှိ Version တွင် ခေတ္တချန်ထားပါသည်။
***စာလုံးပေါင်းအကြံပေးစနစ်တွင်လည်း ယခု BETA Version တွင် မပြည့်စုံမှုများရှိနေပြီး၊ မကြာမီထွက်မည့် Version အသစ်တွင် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါသည်။ မကြာမီ အခြားသောတိုင်းရင်းသာား ဘာသာစကားများအတွက် ထပ်မံဖြည့်သွင်းသွားမည်ဖြစ်ပါသည်။ အားပေးမှုအားအထူးကျေးဇူးတင်ရှိပါသည်။
Bagan Keyboard Beata (Zawgyi + English) ကိုအောက်က Link မှာရယူနိုင်ပါတယ်။
Bagan Keyboard Beta (Zawgyi+English) အားရယူရန်
http://www.bitmyanmar.com.mm/kanaung/bagankeyboard တွင်လည်း ၀င်ရောက်ရယူနိုင်ပါသည်။
Friday, February 22, 2013
Saturday, February 2, 2013
Saturday, January 12, 2013
Gothic Fonts V.1.3 For Android
Box ဖြင့် Gothic Fonts V.1.3 ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ဆိုဒ်က နည်းနည်းလေးပဲရှိပါတယ် ။
Friday, January 4, 2013
ANDROID Phone များအတွက် မြန်မာကီးဘုတ်များ
အရင်ဆုံး ဒီpost အတွက် မြန်မာကျူတိုရီရယ်မှ မအဲမွန်၊ ZMS၊ Frozen
တို့နဲ့ MMUC အက်မင် ကိုသူရိန် တို့ကို
အရင်ကျေးဇူးတင်ရှိကြောင်း Credic ပေးပါတယ်။
ပြန်ရှယ်မည့် app အားလုံးကို မူရင်း ဆိုဒ်၊ မှသာ ရယူထားပါသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..
ဘိုဘိုနိုင်
ပြန်ရှယ်မည့် app အားလုံးကို မူရင်း ဆိုဒ်၊ မှသာ ရယူထားပါသည်။
- samsung galaxy series ဆိုပါက root လုပ်ရန်မလိုအပ်ပဲ zawgyione.apk ကို အရင်သွင်းရပါမယ်၊ ပြီးလျှင် setting\dislpay\ set font မှာ zawgyi one.ttf ကို ရွေးပေးလိုက်ပါ၊ restart ဖြစ်ချင် ဖြစ်သွားပါလိမ့်မယ်၊ restart ဖြစ်ပြီးရင် မြန်မာစာလုံး တွေ တွေ့ရပါပြီ၊ Download -- Zawgyi One apk
- ဒါကတော့ MMUC ကကိုသူရိန် ရဲ့ myanmar KB ပါ။ Download---Myanmarkeyboard
- မြန်မာကျူတိုရီရယ်က ZMS ရဲ့ ကီးဘုတ်ပါ။QWERTY မြန်မာKB နဲ့အကျွမ်းဝင်ပီးသူတွေအတွက်က သိပ်ပီးအသုံးမ၀င်ပါဖူး.. ကွန်ပျူတာနဲ့ရော ဖုန်းနဲ့ရော လုံးဝနီးပါး မရိုက်တတ်တဲ့လူမျိုးတွေအတွက်ပေါ့၊ Download---MyandroidSoft Keyboard Beta.
- ဒါကတော့ မအဲမွန်ရဲ့ iTextMM2 KB ပါ bug အချို့ Fix လုပ်ထားပြီး နောက်ဆုံး update လုပ်ထားသော KBပါ။ Download---iTextMM2 Keyboard
- ဒါကတော့ Frozen ကီးဘုတ်ပါ၊ သူကတော့ TAB တွေအတွက် အဆင်ပြေအောင် လုပ်ထားပါတယ် Download---Frozen keyboard
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..
ဘိုဘိုနိုင်
Subscribe to:
Posts (Atom)

